Scenery

အညာနေ

27th April 2024 | 52 Views

Disclaimer from Creator: All Rights Reserved.

Info: This Creation is monetized via ads and affiliate links. We may earn from promoting certain products in our Creations, or when you engage with various Ad Units.

How was this Creation created: We are a completely AI-free platform, all Creations are checked to make sure content is original, human-written, and plagiarism free.

Toggle

အညာနေ

နေကပိုပို
ရေကမယို
အညာကို ငြိုးရက်တယ်
ဥတုရယ်ဆိုး။

လွန်ကြိုးကတို
ရွှေဖားရယ်အို
မိုးတဖြောက် မဆင်းတယ်
သဲမှုန်ကယ်တိုး။

ပွင့်ဖူးရယ်ငို
ရော်ရွက်မယ်ညို
ရိုးတံသာ ကျန်ရော့မယ်
ထားရက်တယ်ကိုး။

ပွဲကမယ့် အစ်ကို
ဂရုစိုက်ဖို့ ဆို
မြေပြင်မယ် ပူလှတယ်
တွေးလို့ မယ် စိုး။

စိတ်မှာမခို မေတ္တာချို
အရိပ်ဟာ ပြိုနေတာမို့
ကြိတ်ကာသာ မြိုထားတယ်
မျှော်သူ ရက်ချိုး…။

Pan Thitsar

@Thitsar

Following0
Followers5


You may also like

Leave a Reply